သမ္မာကျမ်းစာ ပုံပြင်များ

အကြောင်း ခြုံငုံလေ့လာခြင်း

သင့်အနေနဲ့ သမ္မာကျမ်းစာကို စတင်ဖတ်ရှုလေ့လာတဲ့အခါ သမိုင်းခေတ်တစ်လျှောက်က ရေးသားခဲ့တဲ့ ပုံပြင် အကြောင်းအရာတွေကို ဆက်စပ်လွှမ်းခြုံတဲ့ပုံစံနဲ့ နားလည်ဖို့ လိုပါတယ်။ သမ္မာကျမ်းစာ ပုံပြင်တွေထဲက တစ်ခုချင်းစီဟာ ဇာတ်လမ်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယင်းဇာတ်လမ်းကြီးမှာ ဘုရားသခင်က မိမိရဲ့ သားသမီးတွေကို ချစ်တဲ့ ဖခင်ကောင်းတစ်ယောက်လို လူတွေကို ကယ်တင် (ရွေးနှုတ်) ဖို့ ဘယ်လို ဆင်းကြွလာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဗီဒီယိုကိုကြည့်ပါ။ ပြီးရင် သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ ဇာတ်လမ်းကို ဖော်ပြတဲ့ အောက်ဖော်ပြပါ ကျမ်းပိုဒ်တွေကို ဖတ်ရှုပါ။


သမ္မာကျမ်းစာပိုဒ်တွေကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ အပိုင်းပိုင်း ခွဲထားပါတယ်။ ဒါပေမဲ့ သင့်အချိန်ပေးနိုင်မှုပေါ်လိုက်ပြီး ပိုမို ဖတ်ရှုနိုင်ပါတယ်။ ကျမ်းညွှန်းတိုင်းကို သင့်ကိုယ်ပိုင်ဘာသာပြန်ကျမ်းနဲ့လည်းတွဲဖက် အသုံးပြုနိုင်ဖို့ ခေတ်သုံးမြန်မာဘာသာ သမ္မာကျမ်းစာနဲ့ ချိတ်ဆက်ထားပါတယ်။

နေ့စဉ် ဖတ်ရှုရန်
အစီအစဉ်