တမန်တော်ဝတ္ထု-

ကနဦးအသင်းတော်အကြောင်း

တမန်တော်ဝတ္ထုဟာ ရှင်လုကာခရစ်ဝင်ကျမ်းရဲ့ အဆက်ဖြစ်ပါတယ်။ ၎င်းမှာ သခင်ယေရှု ကောင်းကင်သို့ တက်ကြွသွားပြီးနောက်ပိုင်း တပည့်တော်များ ဆက်လက်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ကနဦးအသင်းတော် စတင်ဖြစ်ပေါ်လာတဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။

တမန်တော်ဝတ္ထု ဖတ်ရှုရင်း အောက်ပါမေးခွန်းတွေကို ဆင်ခြင်ပါ။

  • သခင်ယေရှုအနေဖြင့် သူ့တပည့်တော်တွေကို ပြုခဲ့သည် ကတိတော်တွေကို ဖြည့်ဆည်းခဲ့ပါသလား။

  • သခင်ယေရှုရဲ့ မှာကြားချက်တွေအပေါ် တပည့်တော်တွေက ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

  • တမန်တော်ဝတ္ထုကို စနစ်တကျ အဆုံးသတ်ထားတာမျိုး  မရှိပါ။ သခင်ယေရှုရဲ့ မှာကြားချက်တွေက ကျွန်တော်တို့နှင့် သက်ဆိုင်နေသေးတဲ့အတွက် ဒီအကြောင်းအရာက ကျွန်တော်တို့နဲ့ ဘယ်လို ဆက်လက် ပတ်သက်ပါသလဲ။

တမန်တော်ဝတ္တု အကြောင်းအရာ အနှစ်ချုပ်

  • ကျမ်းမိတ်ဆက်ခြင်း - တ ၁

  • သခင်ယေရှု၏ နောက်ဆုံး မိန့်မှာကြားချက်များအကြောင်း - တ ၁

  • ယေရုရှလင်မြို့ထဲက သက်သေများအကြောင်း -
    တ ၁-၇

  • ယုဒပြည် နှင့် ရှမာရိပြည်ထဲက သက်သေများအကြောင်း - တ ၈-၁၂

  • မြေကြီးစွန်းတိုင်ရှိ သက်သေများအကြောင်း -
    တ ၁၃-၂၈

အွန်လိုင်းသမ္မာကျမ်းစာကိုကြည့်ရှုဖတ်ရွတ်ပါ 

ဤနေရာမှာ အွန်လိုင်းတမန်တော်ဝတ္ထုစာအုပ်ကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။

တမန်တော်ဝတ္ထုရုပ်ရှင်ဇာတ်ကား တစ်ခုအဖြစ် ဖန်တီးထားတဲ့အတွက်  သင်ဖတ်ရှု ဆင်ခြင်ရင်း ဤဇာတ်ကားကို ကြည့်ရှုနိုင်ပါတယ်။